အစာမကြေဘူးဆိုရင် သက်သာစေဖို့ ဘာစားရမလဲ
အစာမကြေတာ အသက်ကို ထိခိုက်စေနိုင်လောက်တာမျိုး မဟုတ်ပေမယ့် နေ့စဉ်ဘဝမှာ ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အစာမကြေတာက ကလေးရော လူကြီးမှာပါ ဖြစ်နိုင်ပြီး အစာမကြေတာက နေရတာတော့ အတော်လေး ခက်တာပါ။
အစာမကြေတာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် အအိပ်ပျက် အစားပျက်စေတာတော့ အသေအချာပါပဲ။ ဒါကြောင့် အစာမကြေတာကြောင့် နေရထိုင်ရ မသက်မသာ ဖြစ်တာမျိုး မဖြစ်စေဖို့ အစာမကြေတာကို သက်သာအောင် စားလို့ ရတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အစာမကြေဘူးဆိုရင် သက်သာစေဖို့ -
- ပီကေဝါးပါ
ပီကေဝါးတာက အစာခြေအက်ဆစ်ကို ထွက်ရှိစေပြီး ရင်ပူတာနဲ့ အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အစာမကြေဘူးလို့ ခံစားရမယ်ဆိုရင် အချိုမပါတဲ့ ပီကေလေး ဝါးပေးပါ။ ဒီလို ပီကေဝါးပေးတာက လေအောင့်တာကို သက်သာစေပြီး အစာကြေရင်ချောင်စေမှာပါ။
- ရေနွေးနွေးလေး သောက်ချလိုက်ပါ
အစာမကြေတာကို သက်သာစေဖို့အတွက် ဆိုရင် ရေနွေးနွေး လက်ဖက်ခြောက် ခတ်မထားတဲ့ ရေနွေးကို သောက်ချလိုက် တာက လေတွေကို အစာအိမ်အူလမ်းကြောင်း ပြင်ပဆီ စွန့်ထုတ်စေပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။
- ဂျင်း ဝါးစားပါ
ဂျင်းကို ရေစင်အောင်ဆေးလို့ အလွှာလေး လွှာပြီး ဝါးစားတာက အစာမကြေတာကို သက်သာစေသလို လေအောင့်တာ လေချုပ်တာကိုလည်း သက်သာစေနီုင်ပါတယ်။ ဒါကြောင့် အစာမကြေဘူးဆိုရင် ဂျင်း တစ်ပြားလောက် ဝါးစားလိုက်ပါ။
- ပျားရည်
ပျားရည်က အစာမကြေတာ လေအောင့်တာကို သက်သာစေနိုင်ပါတယ်။ အစာမကြေတာကို သက်သာစေဖို့ ပျားရည်ကို သူ့ချည်း သောက်ပေးလို့ ရသလို ပျားရည်ရယ် သံပုရာရည်ရယ်ကို ရေနွေးနွေးလေးနဲ့ ရောပြီး ပျားသံပုရာရည် သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။
- လေဆေး စားပါ
လေဆေး၊ အစာကြေဆေး လို့ အမျိုးမျိုး ခေါ်နေကြတဲ့ လေဆေးတွေကို ဆေးညွှန်းအတိုင်း စားပေးတာ သောက်ပေးတာကလည်း လေကြေစေပြီး အစာမကြေတာနဲ့ ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အစာမကြေဘူး ဆိုရင်တော့ လေဆေးတစ်ခုခုကို စားလိုက်တာကလည်း အစာမကြေတာကို အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းပါ။
အစာမကြေတာကို ဒီနည်းလမ်းတွေအပြင် လမ်းလျှောက်ပေးတာ၊ ဂတ်စ်ပါတဲ့ သောက်စရာ တစ်ခုခု သောက်ပေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကလည်း သက်သာစေနိုင်ပါတယ်။
မွန်မွန်